ကဲဒီတစ်ခါ U8812D ကိုgoogle apk ထည့်နည်းလေးပြောပြပေးမယ် သင့်မှာ google apk.zip ဖိုင်ရှိနေရပါမယ် 2.3.6 version အတွက်ဖြစ်ရမယ် ပြီးတော့ Root လုပ်ပြီးသားဖြစ်ရမယ် ဒီနည်းက CWM Recovery မလိုပါဘူး ပထမအနေနဲ့ zip File ကို sd card ထဲဖြေလိုက်ပါ ပြီးရင်ဖုန်းထဲထည့်ပြီး ပါဝါဖွင့်လိုက်ပါ Root Explorer ကို Install လုပ်ပါ ပြီးရင် Root Explorer ကိုဖွင့်ပါ Mount R/W ကို Mount R/O ပြောင်းပါ sd card ထဲကိုဝင်ပါ ပြီးရင်မိမိဖြေထားတဲ့ File ထဲကိုဝင်ပြီး apk တခုကို 3 စက္ကန့်လောက်ဖိထားပြီး ပေါ်လာတဲ့ စာတွေထဲမှ copy ကိုနှိပ်ပါ back နှင့်ပြန်ထွက်ပြီး ပထမ စာမျက်နှာက system ကိုနှိပ် Mount R/O ပြန်ပြောင်းပြီး app ထဲကိုဝင်၍ paste နှိပ်လိုက်ပါ ပြီးရင်ထို apk file ကို 3 စက္ကန့်လောက်ဖိထားပြီး ပေါ်လာတဲ့စာထဲမှ permissions ကိုနှိပ်၍ Read အတန်းမှာအကုန်အမှန်ခြစ်ပါ write အတန်းမှာ အလယ်ကဟာကိုပဲအမှန်ခြစ်ပါ Execute မှာတခုမှမခြစ်ပါနဲ့ ပြီးရင် ok နှိပ်လိုက်ပါ မပြီးသေးပါဘူး နောက်ထပ် စောစောက apk file ပေါ် 3 စက္ကန့်လောက်ဖိထားပါ ပေါ်လာတဲ့စာတွေထဲက Change Owner ကိုနှိပ်ပါ owner မှာ 0-root ထားပြီး Group မှာလည်းပဲ 0-root ပဲထားပါ ok ပေးလိုက်ပါ ပြီးရင်ပြန်ထွက်ပြီးဖုန်းကို Restart လုပ်လိုက်ပါပြန်တက်လာရင်ထို apk file သည်စက်မှာနဂိုမူလပါတဲ့ apk file တွေအတိုင်းဖြစ်သွားပါပြီ နောက်ကျန်သေးတဲ့ apk fileတွေကိုထိုနည်းအတိုင်းပြုလုပ်ပါ တစ်ခုပြီးမှတစ်ခုလုပ်ပါ အစဉ်ပြေပါစေ
No comments:
Post a Comment